25 C
Yangon

ဗန်းမော် ခလရ ၂၃၆ မှ TikTok ဆယ်လီ ဗိုလ်ကြီး ဟိန်းမြတ်ဇင် တိုက်ပွဲအတွင်းသေဆုံးပြီး နာရေးမလုပ်ရဘဲ တိတ်တိတ်ပုန်း သဂြိုလ်

Must read

ဗန်းမော် ခလရ ၂၃၆ မှ TikTok ဆယ်လီ ဗိုလ်ကြီး ဟိန်းမြတ်ဇင် တိုက်ပွဲအတွင်းသေဆုံးပြီး နာရေးမလုပ်ရဘဲ တိတ်တိတ်ပုန်း သဂြိုလ်

ရန်ကုန်၊ ဇွန် ၁

အကြမ်းဖက်စစ်တပ်၏ ဗန်းမော် ခလရ ၂၃၆ မှ TikTok ဆယ်လီ ဗိုလ်ကြီး ဟိန်းမြတ်ဇင်သည် ကချင်ပြည်နယ်အတွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကာ နာရေးအခမ်းအနား မလုပ်ရဘဲ တိတ်တိတ်ပုန်း သဂြိုလ်လိုက်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

မေလ ၁၀ ရက်နေ့ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ဟိန်းမြတ်ဇင် သေဆုံးခဲ့ခြင်း ဖြစ်သော်လည်း နေရာတွင်ပင် တိတ်တဆိတ်သဂြိုလ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ သေဆုံးသူ TikYok ဆယ်လီ ဗိုလ်ကြီး ဟိန်းမြတ်ဇင်သည် ဗန်းမော်မြို့နယ်၊ မန်ဝိန်းကြီးတွင် စစ်ကြောင်းထိုးရာမှ တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။သိရှိရသည်။

“အခု က သေရင် ဖိတ်စာတွေဘာတွေ တောင် သေချာ မလုပ်ရဲဘဲ တိတ်တိတ်လေး ကြိတ်ငိုကြရလို့ပါ။ အလောင်းတော့ ပြန်ရပါတယ် ။ နေရာမှာပဲ သဂြိုလ် လိုက်ရတာပါ”ဟု CDM ဗိုလ်ကြီးဇင်ယော်က တပ်တွင်း သတင်းရင်းမြစ်၏ ပြောကြားချက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်အတွင်း အရာရှိနှင့်စစ်သည်များ သေဆုံးမှုများကို နာရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မလုပ်ခိုင်းခြင်း၊ ရှေ့တန်းတွင် သေဆုံးမှုများကို တပ်တွင်း ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ ပျောက်ဆုံးအဖြစ်စာရင်းသွင်းခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article