25 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ခြင်းနှင့် ပစ္စည်းများကို ခိုးယူမှုများ လုပ်ဆောင်နေ

Must read

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ခြင်းနှင့် ပစ္စည်းများကို ခိုးယူမှုများ လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၂

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ခြင်းနှင့် ပစ္စည်းများကို ခိုးယူမှုများ လုပ်ဆောင်နေကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာန ထံမှ သိရသည်။

မေလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပန်ရန်းရွာနှင့် ထမ်းယံတိုင်ရွာမှ ပြည်သူ ၁၀၀၀ ခန့်သည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် PNO အဖွဲ့က ဆီဆိုင်မြို့နယ် လွယ်မော တောင်ဒေသ ထမ်းယံတိုင်ရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသားများကို ရိုက်နှက် နှိပ်စက်သည့်အပြင် ဒေသ ပြည်သူများ၏ ပစ္စည်းများကိုလည်းအတင်းအဓမ္မ ယူဆောင်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထမ်းယံတိုင်ရွာအတွင်း တပ်စွဲထားပြီး တောတောင်များအတွင်း လက်နက်ကြီးများဖြင့် နံနက် ၈ နာရီမှ ည‌နေ ၃ နာရီအထိ ပစ်ခတ်နေပြီး ရပ်တန့်မှု မရှိသေးကြောင်းသိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က လက်နက်ကြီးများဖြင့် ပအိုဝ်းကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ မေလ၂၉ရက်နေ့တွင် ဖက်နမ်ကျေးရွာအနီး ခရီးသွားလာနေသည့် ပြည်သူ ၁ ဦးကို PNO အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖက်နမ်ကျေးရွာအနီးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၁ ဦးသည် ဖက်နမ်ကျေးရွာမှ မဟုတ်ဘဲ ခရီးသွား ၁ ဦးသာ ဖြစ်ကြောင်း စုံစမ်းသိရပြီး သတ်ဖြတ်ခံရသူ၏ အသေးစိတ် အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article