25 C
Yangon

သံတွဲမြို့နယ်၊ တောင်ကုတ်-သံတွဲ လမ်းပိုင်းအနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ

Must read

သံတွဲမြို့နယ်၊ တောင်ကုတ်-သံတွဲ လမ်းပိုင်းအနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ

ရန်ကုန်၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်-သံတွဲ လမ်းပိုင်းအနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့နယ်၊ ကင်းမော်ရွာ တဖက်ကမ်း တောင်ကုတ်-သံတွဲ ကားပိုင်း အနီးတွင် ရခိုင်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိနှင့် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” မနက်ကဖြစ်တဲ့ တိုက်ပွဲက ကင်းမော်ရွာ တဖက်ကမ်း တောင်ကုတ်-သံတွဲ လမ်းကြီးဘေးမှာ ဖြစ်တာ တိုက်ပွဲဖြစ်စဉ် အသေးစိတ်တော့မသိရသေးဘူး။ လက်နက်ကြီး ပစ်ခတ်သံတွေကိုတော့ ၁၀ မိုင်လောက်အဝးကနေ အတိုင်းသားကြားရတယ်။ လက်နက်ကြီးပစ်ကူ အတွဲလိုက်ဒုံးတွေလည်း ပစ်ခတ်ခဲ့တယ်။ တချို့ကတော့ ဆိပ်ကြီး ပတ်ဝန်းကျင် လောက်က တောထဲကို ကျပေါက်ကွဲတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း ဂေါ့ရွာ စွန်ဂေါ့နှင့် ဆင်ကျပ် အကြား တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောတောင်များအတွင်း ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

“အခု ၄ နာရီမှာ ကြားရတဲ့ လက်နက်ကြီးသံနဲ့ စက်သေနတ်သံတွေက ဂေါ့ရွာစွန် ဂေါ့ နဲ့ဆင်ကျပ် အကြား မှာ တပ်စွဲထားတဲ့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီအတိုင်း တောတွေထဲကို ပစ်ခတ်နေတာလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article