25 C
Yangon

ဒေါနတောင်ပေါ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

Must read

ဒေါနတောင်ပေါ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ရှေ့ တိုး ရန်ကြိုးစားသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၆ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ရင်းနှင့် စကခ ၁၂ တပ်တို့မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ရှေ့ဆက်တိုးလာခဲ့သဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟောင်ဝှစ်ဇာလက်နက်ကြီးတွေက ၉၇ တို့ စကခ ၁၂ တို့မှာ အထိုင်ချထားတာပေါ့၊ အဲဒီကနေ ပစ်နေတာ၊ တိုက်ပွဲကလည်း နေ့တိုင်းနီးပါးပဲ၊ ဒီနေ့တော့ သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်၊ သေနတ် ၆ လက်ဆိုတော့ ၆ ဦးထက်မနည်းသေတာပေါ့။ ဒီနေ့ လေယာဉ် နှစ်ခါ လေးကြိမ်လာပစ် တယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုရှိတယ် မကြားမိဘူး” ဟု တော်လှန်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ဒေါနတောင်ခြေ တောနော်ရေတံခွန်အကျော် ဘုရား ကုန်းအနီးတွင် ရပ်တန့်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မှာ ငှက်ဖျား ရောဂါခံစားနေကြရပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော် အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ် ကြောင်းသည် ဧပြီ ၇ ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့ရာ အမှတ် ၃၁ ဗျူဟာလက် အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article