26 C
Yangon

မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို စစ်ကောင်စီက Myspace ဖြင့် အစားထိုးမည်ဖြစ်ပြီး VPN ပိတ်ဆို့ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို အစားထိုးရန်အတွက် စစ်ကောင်စီက myspace.com.mm ကိုရေးဆွဲလျက်ရှိပြီး လက်ရှိတွင်လည်း VPN ပိတ်ဆို့ရေး လုပ်ငန်းများကိုလည်း စစ်တပ်က အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရှိရသည်။

စစ်ကောင်စီက ပြည်တွင်းတွင် Facebook များ အသုံးမပြုနိုင်ရန် VPN များကို စတင်ပိတ်ဆို့လျက်ရှိပြီး အဆိုပါ ပိတ်ဆို့မှု လုပ်ငန်းများကို ဆက်သွယ်ရေးဝန်ကြီး ဌာနက ဦးဆောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ နည်းပညာ အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ကြောင်း သိရှိရသည်။

ပြည်တွင်း အင်တာနက်သုံးစွဲမှုများကို စစ်ကောင်စီက လာမည့်နှစ်အနည်းငယ်အတွင်း လုံး၀ အပြီး ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားပြီး အထူးသဖြင့် Facebook ၊ IG ၊ WhatsApp၊ Twitter@X အသုံးပြုမှုများ လုံး၀ ရပ်ဆိုင်းသွားရန် စီမံချက်ချ ဆောင်ရွက်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းတွင် Facebook လူမှုကွန်ရက် အသုံးပြုမှုများကို ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

(စစ်ကောင်စီက လုပ်ဆောင်နေသည့် VPN နှင့် အင်တာနက်ထိန်းချုပ်ရေး လုပ် ငန်းစီမံချက်၊ အဆိုပါ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သော ပြည် တွင်းကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ နည်းပညာအဖွဲ့ တစ်ဖွဲ့ ပါဝင်နေမှု အသေး စိတ်အချက်အလက်များကို Khit Thit Media က မကြာမီ အပြည့်အစုံ ဖော်ပြတင် ဆက်ပါမည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article