25 C
Yangon

ရေဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) ထံမှ သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံရှိ စစ်ခွေးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) ပြုလုပ်ခဲ့ပြီး Fixed Wing Drone ဖြင့် ဗုံးသီး ၆ ကျဲလုံးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article