25 C
Yangon

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး

Must read

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး

ရန်ကုန်၊ ဇွန် ၄

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် အစားထိုးလိုက်ကြောင်း စစ်တပ်ဘက်မှ သတင်းအချက် အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ယခုရက်ပိုင်းအတွင်း အပြောင်းအရွှေ့များ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရုံးနှင့် နေပြည်တော်တစ်ဝိုက်ရှိ လူများကို အပြောင်းအလဲများ ဆက်လက်လုပ်ဆောင်လာကာ အဆိုပါ ပြောင်းရွှေ့ခံရသူများသည် မင်းအောင်လှိုင်၏ အမာခံ လူများဟု ယူဆနိုင်ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်တွင်း အပြောင်းအရွှေ့များ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ထိပ်ပိုင်းအပြောင်းအလဲတွေက စစ်ရုံးနဲ့ နေပြည်တော်တစ်ဝိုက်က လူတွေ အချင်းချင်းကို ချိန်းလိုက်တာ ။ ချိန်းလိုက်တာဆိုတော့ ဗိုလ်ချုပ်ဖြစ်သွားပြီဆိုရင် ဒါ ဆက်ပြီးတော့ သုံးလို့ရပြီပေါ့ ။ အဲဒီတော့ ဒီလူတွေက မင်းအောင်လှိုင်ဆက်သုံးချင်တဲ့ အမာခံလူတွေလို့ သေချာပေါက် ပြောလို့ရတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

စစ်ကောင်စီက ထိပ်ပိုင်းရာထူးတချို့ကို အပြောင်းအလဲလုပ်ရာတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာဌာနကြီးမှူး ဖြစ်သည့် ဗိုလ်မှူးချုပ် စန်းယုနိုင် (DSA 34) ကို ဗိုလ်ချုပ်ရာထူးတိုးမြှင့်ပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်လည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဦးစီးချုပ် မှူးချုပ် မျိုးကျော်သူ (DSA 37 )ကို လက်ထောက် စစ်ထောက်ချုပ်အဖြစ်လည်းကောင်း၊ နေပြည်တော် ချောင်းမကြီး ဗိုလ်ရွေးတပ်မှူး ဗိုလ်မှူးချုပ် ရဲရင့်၀င်း (DSA 36)ကို တွဲဖက်စစ်ရေးချုပ်(ယခင် ဗိုလ်ချုပ် လှမြင့်စိုး နေရာ) တို့သို့လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article