25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူထားတဲ့ မြန်မာပြည်သူ ၃ ဦးကို ကွန်ဒိုဝယ်ယူမှုနဲ့ ထိုင်းဘဏ်စာရင်း ဖွင့်လှစ်မှုတွေကြောင့်ဆိုပြီး ဖမ်းဆီး အရေးယူထားတဲ့ အတွက် ထိုင်းနိုင်ငံမှာ အစောဆုံး ကွန်ဒိုဝယ်ထားပြီး ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ သားသမီးတွေကိုပါ အရေးယူဖို့ လိုတယ်လို့ ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
  • မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယား နဲ့ အီရန်နိုင်ငံတွေလို အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူဖို့အတွက် လာမည့် စင်ကာပူ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောလိုက်ပါတယ်။
  • ရခိုင်ပြည်နယ် ၊ စစ်တွေမြို့က ဗျိုင်းဖြူ ကျေးရွာသားတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUG က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး သေဆုံးသွားတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက်သွား မယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article