25 C
Yangon

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ လူမဆန်သည့် ရက်စက်သတ်ဖြတ်မှုများအတွက် UK အစိုးရ စိတ်မကောင်းဖြစ်

Must read

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ လူမဆန်သည့် ရက်စက်သတ်ဖြတ်မှုများအတွက် UK အစိုးရ စိတ်မကောင်းဖြစ်

ရန်ကုန်| ဇွန် ၄

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုများပြားလာပြီး ၎င်းနှင့်စပ်လျဥ်းသည့် သတင်းအစီရင်ခံစာများကို နေ့စဥ်နီးပါး ကြားသိနေရသည့်အတွက် UK အစိုးရအနေဖြင့် အလွန်အမင်းစိတ်မကောင်းဖြစ်ရသည်ဟု ရန်ကုန် ဗြိတိသျှသံရုံးက ယနေ့ ထုတ်ပြန်ထားသည်။

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာတွင် လူမဆန်သည့် သတ်ဖြတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသော မိသားစုဝင်များအတွက် UK အစိုးရက သတိတရ ဆုတောင်းပေးနေသည်ဟု ဆိုသည်။

“ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များနှင့် အသက်ရှင်ကျန်ရစ်သူများအား ကျွန်ုပ်တို့ သတိရဆုတောင်းပေးနေပါသည်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည်ကို ကြားသိနေရပြီး အရပ်သားပြည်သူများအားလုံးကို အကာအကွယ်ပေးရမည်နှင့် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက်လည်း တာဝန်ခံမှုရှိရမည်ဟု ဗြိတိသျှသံရုံးက ထုတ်ပြန်ထားသည်။

ဗျိုင်းဖြူကျေးရွာတွင် အရပ်သားပြည်သူ ၇၆ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရပြီး နောက်ထပ်လည်း အရပ်သား ရာကဏန်းရှိ အရပ်သားပြည်သူများကို စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article