25 C
Yangon

ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ ညနေ ၆ နာရီ မှ ည ၇ နာရီ ၂၀ မိနစ် အထိ ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ၆၀ မမ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ လက်နက်ကြီးများ တပ်ဆင်ထားသော နေရာကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

“ရွှေဘိုမြို့နယ် ပန်းရံ ပျူ ရွာက စစ်ခွေးတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ လက်ရုံးတပ် PDO-Drone Team-Federal Wingsတပ်ဖွဲ့၊ ကာကင်းအဖြစ် ရွှေဘိုမြို့နယ် ပကဖ (PDO) အဖွဲ့၊ တိုက်နယ် ၂ နယ်မြေခံ ပကဖ အဖွဲ့များဖြစ်သော တောင်သူဦးကြီးများ ပကဖ၊ မိုးကြိုးမင်းဂေါင် ပကဖ၊ မြင်းဖြူရှင် ပကဖ၊ ကြယ်ဖြူဝမ်းကြီး ပကဖ၊ Golden Eagle ZPG SBO ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article