25 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် စာရင်းစစ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် စာရင်းစစ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် စာရင်းစစ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) ထံ မှ သိရသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒီပဲယင်းမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲခွေးစခန်းနှင့် စာရင်းစစ်ရုံးကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) က Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article