25 C
Yangon

မင်္ဂလာဒုံနှင့် ရွှေပြည်သာ မြို့နယ်တို့ရှိ စစ်တပ်ပိုင် MEC နို့ချက် စက်ရုံနှင့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို မိုင်းခွဲ တိုက်ခိုက်

Must read

မင်္ဂလာဒုံနှင့် ရွှေပြည်သာ မြို့နယ်တို့ရှိ စစ်တပ်ပိုင် MEC နို့ချက် စက်ရုံနှင့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို မိုင်းခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် MEC နို့ချက်စက်ရုံနှင့် ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၄ ရက် ည ၉ နာရီ ၃ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် MEC နို့ချက် စက်ရုံနှင့် ယင်းနေ့ ည ၁၀ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ တပ်ခွဲ Slayers of Tyrants တပ်ခွဲမှ လုပ်ဆောင်ခဲ့ဖြစ်ပြီး အကြမ်းဖက် စစ်ကောာင်စီ တပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပျက်စီး အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်းရန်အတွက် ၎င်းတို့၏ စီးပွားရေး ထောက်တိုင်များကို တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်ပိုင် စီးပွားရေး ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အကြမ်းဖက် စစ်သားများ၊ ရဲများနှင့် ဝေးဝေး နေထိုင်ကြရန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ပြောဆိုသည်။

Photo – ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကင်းစခန်းကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article