25 C
Yangon

ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာအနီး စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဘက်မှ ၄ ဦး ဒဏ်ရာရ

Must read

ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာအနီး စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဘက်မှ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာ-ပုသိမ် လမ်းဘေးရှိ ကျေးရွာများကို ကျော်လွန်၍ ထန်းတောကြီးရွာကို ဝင်ရောက်ရန် ထွတ်လာချိန် တော်လှန်ရေး အဖွဲ့များက မိုင်း ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရပြီး ၂ ဦးကို သံပြားကာကားဖြင့် လာရောက် ခေါ်ဆောင်သွားကာ ကျန် ၂ ဦးကို လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်များဖြင့် တင်ဆောင်သွားကြောင်း သိရှိရသည်။

ယင်းမာပင်ခရိုင် အတွင်းရှိ တရုတ် ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင် နှင့် မြန်မာ ယမ်စီ ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီတို့အတွက် မုံရွာ-ပုသိမ် လမ်းဘေးဝဲယာရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ အောင်ဇေယျကုန်းအထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဧပြီလ ၂၃ ရက်နေ့ အထိ လမ်းပိုင်း လုံခြုံရေး တာဝန်ယူပေးခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသား အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် နိုင်ငံနှင့် လူမျိူးကို ချနင်းရန် ရည်ရွယ်၍ တရုတ်ကုမ္ပဏီ ပတ်ဝန်းကျင်ရှိ ဒေသ ပြည်သူများကို သတ်ဖြတ်၍ ပြည်သူပိုင်ပစ္စည်း များကို မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“ထိခိုက်တာ ၄ ကောင်ဗျ သံပြားကာကားနဲ့ သယ်သွားတာ သယ်သွားတာဆိုတော့ ဘယ်လောက် ဒဏ်ရာရတယ် ပြင်းထန်တယ်ဆိုတာတော့ အတိအကျ မသိရဘူး။ စစ်ခွေးတွေက တရုတ်အကျိုးစီးပွားအတွက် ဒေသခံတွေကို ဒုက္ခပေးပြီးတော့ ကုမ္ပဏီကို ကာကွယ်နေတာပေါ့။ စစ်ခွေး ရမ်းကားနေလို့ ပြည်သူအများအပြားလည်း စစ်ရှောင်နေရတယ်” ဟု ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Regional Friend Fighters -RFF ၊ Fighters Brotherhood Guerrilla Army-FBGA ၊ Yonmarbin Local People Defense Force -YMB-LPDFŞနှင့် ယင်းမာပင်မြို့နယ်တိုက်နယ် ၁ (ပကဖ) ဝင်္ကပါပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article