25 C
Yangon

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး

Must read

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ ဇွန် ၅

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံ ခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဇွန်လ ၄ ရက်နေ့ ကင်ဘာရာမြို့တွင် NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြကြောင်း၊ မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြကြောင်း သိရှိရသည်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှုများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ရန်တို့အတွက် နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဆွေးနွေးသည်ဟု သိရှိရသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ပံ့ပိုးကူညီနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုသည့် ငြိမ်းချမ်း၊ သာယာ ဝပြောသော ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်ကိုလည်း ရှင်းလင်းပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article