25 C
Yangon

ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့

Must read

ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့

ရန်ကုန်၊ ဇွန် ၆

အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ တိုက် ခိုက်ရေးဒရုန်းစင်းရေ ၄၀၀ နီးပါး ပေးပို့ပြီး ဒရုန်းဗုံးအရေအတွက် ထောင်ချီ ပေးပို့ထားကာ စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

တရုတ်နိုင်ငံထုတ် တိုက်ခိုက်ရေးဒရုန်းများကို စစ်ကောင်စီက အမြောက်အမြား ဝယ်ခဲ့ပြီး ယင်းအနက်မှ ရခိုင် ပြည် နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဒရုန်းစင်းရေ အများဆုံး ပို့ဆောင်ခဲ့ကြောင်း၊ ရခိုင်တွင် တိုက်ခိုက်ရေး ဒရုန်းအစင်း ၃၀၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ ဒရုန်းစင်းရေ ၄၀၀ ကိုလည်းကောင်း ၊ အခြားသော ပြည်နယ်/တိုင်းများသို့လည်း ဒရုန်းများ အသီးသီးပို့ဆောင်ခဲ့ကြောင်း၊ ဒရုန်းများနှင့်အတူ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများက ထုတ်လုပ်သော ဒရုန်း ဗုံးသီး ထောင်ချီ၍ လည်း ပေးပို့လျက်ရှိကြောင်း၊ တိုက်ခိုက်ရေး ဒရုန်းစစ်ဆင်ရေးအဖွဲ့ များကိုလည်း စစ်ကောင်စီက ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။

“ဒရုန်း Unit တွေက တပ်ရင်းတွေအလိုက် အတော်ကို ဖွဲ့စည်းထားပြီ။ နေပြည်တော်နဲ့ ရန်ကုန်မှာ Training of Trainers (😭) သင်တန်းတွေပေးပြီး ကျွမ်းကျင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ စစ်မြေပြင်တွေလွှတ်ပြီး ဆင့်ပွား သင်တန်းတွေ ပေးနေတယ်။ သူတို့ကမှထပ်ပြီးတော့ ဒရုန်းတပ်ဖွဲ့ဝင်တွေ ပြန်လည် စုစည်းတာပါ။ ဒရုန်းယူနစ်တွေတော့ တော်တော်များများကို ဖွဲ့စည်းပြီးပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် ဟိုင်ဂင်သဘောတူညီချက်အရ ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်များကို စစ်သင်တန်းများပေးပြီး လက်နက်တပ်ဆင်ခြင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ပြည်သူ့စစ် ထောင်ပေါင်းများစွာကို လားရှိုးရှိ ရမခ စစ်ဌာနချုပ်သို့ ဆက်တိုက်ခေါ်ယူထားခြင်း၊ ရမခဌာနချုပ်သို့ လက် နက်ကြီးများ၊ ဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးများ အပါအဝင် လက်နက်ခဲယမ်းများ ပေးပို့ စုဆောင်းထားခြင်း၊ လက်ရှိ ယခုနောက်ဆုံးတွင်ဒရုန်းများနှင့် ဒရုန်းဗုံးများစွာ ပေးပို့ခြင်းများ အပါအဝင် စစ်ရေး ပြင်ဆင်မှုများကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းနှင့် ကပစ ထုတ်ဒရုန်းဗုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article