25 C
Yangon

နောင်ချို နှင့် မိုးမိတ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေပြီး ဇွန်လ ၁ ရက်နေ့မှ ယနေ့အထိ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်

Must read

နောင်ချို နှင့် မိုးမိတ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေပြီး ဇွန်လ ၁ ရက်နေ့မှ ယနေ့အထိ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်

ရန်ကုန်၊ ဇွန် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်က အရပ်သားပြည်သူရှိရာ ကျေး ရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း TNLA က ပြော သည်။

ယမန်နေ့ ဇွန်လ ၅ ရက်နေ့၊ နံနက် ၈ အချိန်တွင် နောင်ချိုမြိုနယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို လက်နက်ကြီး ၄ ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း၊ အလားတူ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြိုနယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ် သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညနေ ၄ နာရီအချိန် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ် သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို လက်နက်ကြီး ဖြင့် ၂ ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် ကြောက်လန့်နေရသဖြင့် အချိုဒေသခံများလည်း ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေရကြောင်း TNLA က ဆိုသည်။

TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့မှ ယနေ့ထိ လက်နက်ကြီးဖြင့် စုစုပေါင်း ၂၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article