25 C
Yangon

နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က အသိပေး

Must read

နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က အသိပေး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်ရှိ မြင်းခြံ -မြစ်သားလမ်းလမ်းပိုင်း၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၊ နွားထိုး ကြီး -တောင်သာလမ်းပိုင်း၊ နွားထိုးကြီး -မလှိုင်လမ်းပိုင်းတို့ကို ည ၉ နာရီမှ နံနက် ၄ နာရီ အထိ ပိတ်ပင်ထားကြောင်း သိရသည်။

“ခရီးသည်ကား ၊ အိမ်စီးကား၊ ကုန်ကားတွေနဲ့ စစ်အုပ်စုက ခိုးလိုက်နေတာမို့ မတိုက်ခိုက်လိုက်ရဘဲ လွတ်သွားတာတွေရှိတယ်။ ပြည်သူတွေ ကား ထင်ပြီး မတိုက်ခိုက်ဘဲ လွှတ်ပေးလိုက်ရတာ အဲဒါကြောင့် သတ်မှတ်ချိန်က မှောင်တဲ့အချိန် ဆိုတော့ အလိုလိုလာတဲ့ ကားတွေကို တိုက်ခိုက်မှာမို့ပါ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မောင်းနှင်ရမည့် သတ်မှတ်ချိန် ည ၉ နာရီမှ နံနက် ၄ နာရီခန့် အထိမောင်းနှင်ကြသော ကုန်ကားများ အနေဖြင့်လည်း မိုးကာ မအုပ်ပဲ မောင်းနှင်ကြရန်၊ ကျန်ကားများ အားလုံး မှန်ချမောင်းနှင်ပေးကြ ရန်နှင့် ညပိုင်း မီးဖွင့်မောင်းနှင် ပေးကြရန် အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article