25 C
Yangon

ရခိုင်နှင့် စစ်ကိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကန့်ကွက်ရှုတ်ချပြီး အလွန်စိုးရိမ်

Must read

ရန်ကုန်၊ ဇွန် ၇

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres ၏ ပြောရေး ဆိုခွင့်ရှိသူ Stéphane Dujarricက ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုအသိုင်းအဝိုင်းအားလုံး၏ အကာအကွယ်လိုအပ်မှုကို အလေးပေး ပြောဆိုသည်။

စစ်ကောင်စီက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်များကို ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် ပြင်း ထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နိုင်ငံအများအပြားတွင် ဆက်လက်ကျူးလွန်ဖြစ်ပွားနေကြောင်း၊ ကျူးလွန်သူများအနေဖြင့် ယင်းဖြစ်စဉ်များအတွက် တာဝန်ယူရမည်ဖြစ် ကြောင်း ပြောဆိုကြသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေးရေး ဦးစားပေးလုပ်ဆောင်ရန်၊ လူမျိုးရေး တင်းမာမှုနှင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရေး လှုံ့ဆော်မှုများကို တားဆီးရန် ပဋိပက္ခတွင် ပါဝင်သူအားလုံးကို အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် ယိုယွင်းနေသောအခြေအနေများ ကျယ်ပြန့်လာမှု အလွန်စိုးရိမ်မိကြောင်း၊ စုစည်းညီညွတ်စွာဖြင့် မြန်မာ့အရေးကို ချဉ်းကပ်ဖြေရှင်းကြရန် မေတ္တာရပ်ခံထားသည်။

နိုင်ငံတကာအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာ့အရေး အထူးသံတမန် Julie Bishop ကို ထိတွေ့ဆက်ဆံပြီး ကူညီပံ့ပိုးပေးရန်၊ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များ တည်ဆောက်ရာတွင် ကူညီပေးကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article