26 C
Yangon

ရေးမြို့နယ်တွင် ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကိုသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးစဉ် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နှင့်အတူ အဖမ်းခံဟု ရေးပြောက်ကျားတပ်က ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် ၏ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့ ညနေ ၆ အချိန် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး၌ ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို သတင်းအရစောင့်ဆိုင်း ပိတ်ဆို့ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ပြန်မခုခံခဲ့ဘူးဗျာ။ မခုခံတဲ့အတွက်အေးအေး ဆေးဆေးပဲ ထိန်းသိမ်းနိုင်ခဲ့တယ်”ဟု ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို ဖမ်းဆီးရမိချိန်တွင် MA-5 ပစ္စတိုတစ်လက်၊ MA-3 တစ်လက်နှင့် ကားတစ်စီးပါ ရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article