25 C
Yangon

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို

Must read

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးရန် ပိတ်ဆို့တားဆီးနေမှုများကို အဆုံး သတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆိုလိုက်သည်။

မလေးရှားဝန်ကြီးချုပ် Anwar က ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အချက် ၅ ချက်ပါသော အာဆီယံ ဘုံသဘောတူညီချက်များ ကို လိုက်နာရန် အရေးကြီးကြောင်း ၊ မလေးရှားနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၊ ဩဇာကြီးသော မိတ်ဖက်နိုင်ငံများနှင့်အတူ ငြိမ်းချမ်းရေး၊ ထိရောက်သော လူသားချင်းစာနာမှု ယန္တရားများအကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအရ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုကတော့ မြန်မာ့ အကျပ် အတည်းဖြစ်ပြီး သေဆုံးမှု၊ ပြည်သူတွေ ထွက်ပြေးနေရမှုနဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရပါတယ်” ဟု မလေးရှားနိုင်ငံတွင် ဇွန်လ ၆ ရက်နေ့ ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် ဆွေးနွေးပွဲတွင် မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

“ အာဆီယံ အနေနဲ့ မြန်မာ့အရေးအတွက် စည်းလုံးညီညွတ်မှုရှိရှိနဲ့ တစ်သံတည်းထွက်ဖို့ပါပဲ။ အဖွဲ့ဝင်တစ်နိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်စာချုပ် ကို ချိုးဖောက်တဲ့ အကြောင်းတရားတွေရှိလာတဲ့အခါမှာ အရေးယူ ပျက် ကွက်မယ်ဆိုရင် ဒါက ကျနော်တို့အနေနဲ့ ကိုယ်ကျင့်တရား တာဝန်ကို ပျက်ကွက်ခြင်းဖြစ်ပါတယ်။” ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံဖြင့် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း သက်ဆိုင်သူအားလုံး အဆင်သင့်ဖြစ်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးကို လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံထံမှ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article