25 C
Yangon

စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ထိခိုက်မှုများပြား

Must read

စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ထိခိုက်မှုများပြား

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးပြီး ထိခိုက်မှု အပြားအပြားရှိကြောင်း Royal Falcon Guerilla Force နှင့် စစ်ကိုင်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ ဇွန်လ ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေ သာကျေးရွာဘုန်းကြီးကျောင်းတွင် မြို့နယ်အဆင့် ရပ်/ကျေး ပကဖများ၊ ပအဖများ၊ PDF တပ် ဖွဲ့ ဝင် များနှင့် ဒေသနေပြည်သူအချို့ အစည်းအဝေးလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ တံတား ဦးမှ လေဆိပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲချပြီး အရာတော်မြို့နယ် အတွင်း ရှိ စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု အများ အပြားရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့လူတွေလည်းထိတယ်။ လူနာတွေနဲ့မို့ ခဏလေးနော်၊ နောက်မှ ပြန်ပြောပေးပါမယ်” ဟု စစ်ကိုင်းမြို့နယ်အခြေစိုက် Royal Falcon Guerilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသနေပြည်သူစုစုပေါင်း ၅၀ ခန့်ရှိ ကင်းထောက်လေယာဉ်ဖြင့် လာရောက် ထောက်လှမ်းပြီးနောက် တိုက်လေယာဉ်တက်လာကာ ဘုန်းကြီးကျောင်းဝန်းနေရာအနှံ့ကို ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းအဆောက်အအုံအချို့လည်းထိခိုက်ပျက်စီးမှုရှိပြီး သေဆုံး၊ ဒဏ်ရာ ရရှိသူမည်မျှရှိသည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

ဗုံးကျဲခံရသဖြင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များက ကူညီကယ်ဆယ်ခြင်း လုပ်ဆောင်နေကြောင်း၊ ထို့သို့ ကူညီကယ်ဆယ်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ကင်းထောက်လှမ်းမှုရှိကြောင်း သိရသည်။

“လေယာဉ်နဲ့က ဗုံးသီး ၂ လုံး၊ ရော့ကတ် ၁၀ ကြိမ်ခန့်ပစ်ပါတယ်။ အခု အရောတော်ကနေ ဟောင် ဝှစ်ဇာနဲ့ထုနေတာပါ။ နယ်မြေရှင်းလင်းရေးလုပ်နေဆဲပါ။ သေဆုံး ၇ ဦးအတည်ပြုလို့ရပါတယ်။” ဟု စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

FILE – Myanmar Air Force Jet fighters drop bombs during military exercises Friday, Feb. 2, 2018, in Ayeyarwaddy delta region, Myanmar. In a report released Thursday, Nov. 3, 2022, Amnesty International is urging suppliers of aviation fuel to Myanmar to suspend such shipments to prevent the military from using them to conduct air attacks on civilian targets as the number of bombings has increased. (Lynn Bo Bo/Pool via AP, File)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article