25 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းဝင်းတွင် တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းဝင်းတွင် တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းရွာမှ မြို့သာရွာသို့ ကား ၂ စီးဖြင့် ထွက်လာသော ကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇွန်လ ၇ ရက် ညနေ ၆ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းကျေးရွာမှ မြို့သာရွာ ဘက်သို့ ကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို လမ်းခုလတ်တနေရာ၌ ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ မိုင်းကွင်းအလယ်တည့်တည့် သို့ ရောက်ရှိလာသည့် ကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၉ ဦးသေဆုံးကာ ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနဲ့ခွဲတာ၊ လက်ရှိအချိန်အထိ ဖောင်းချဉ်းရွာထဲမှာ ရှိသေး တယ်။ မနေ့ကတော့ ခွဲထွက်လာတာပေါ့။ အင်အား ၇၀ လောက်ကို ပြန်ခေါ်သွားတာ။ အခုလက်ရှိက ဖောင်ချဉ်းမြောက်ရွာ၊ တောင်ရွာရယ်။ ဆူးဖြူကုန်းကျေးရွာကို ဝင်ပြီးတော့ မွှေနေတယ်၊ သေနတ် ပစ်ဖောက်ပြီး ဝင်လာတာ။ ပစ္စည်း ပစ္စယ တွေယူ ဝင်မွှေနေတယ်၊ လောလောဆယ်တော့ ဝင်မွှေနေ တာပဲ သိရသေးတယ်” ဟု နဂါးနီပြောက် ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို မြို့သာဆေးရုံတွင် တင်ပို့ကုသထားကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်သားများသည် နွားထိုးကြီးမြို့နယ်၊ နဘူးတော (တောင်) ရွာ ၊ နဘူးတော (မြောက်) ရွာ ၊ မကျည်းကုန်းကျေးရွာ၊ ဖောင်ချဉ်း (တောင်) ရွာ၊ ဖောင်ချဉ်း (မြောက်) ရွာ တို့မှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီ ပြည်သူပိုင် ရွှေ၊ ငွေများကို ခိုးယူနေသည့် စစ်သားများဖြစ် ကြောင်း သိရသည်။

“ဖောင်ချဉ်းမြောက်ရွာက ဒီနေ့ ထပ်ရှို့တယ်၊ အိမ်ခြေက ကုန်သလောက်သွားပြီ။ မကျည်းကုန်း က တော့ ၃၅ အိမ်လောက်ကုန်တယ်၊ ဒါကတခြမ်းပေါ့၊ မြောက်ဘက်တစ်ခြမ်းပေါ့၊ အိမ်ခြေ ၇၀ ၊ ၈၀ လောက်ရှိမယ့်ရွာပေါ့၊ ဖောင်ချဉ်းကလည်း ရွာက ကျယ်တော့ ဘယ်လောက်ကုန်တယ်မသိဘူး။ ရာ ဂဏန်းလောက်ကုန်တယ်၊ နဘူးတောက ရွာ ၃ ရွာရှိတာကိုး၊ အလယ်ရွာက တစ်အိမ်၊ တောင်ဘက် စွန်းရွာက ၁၃ အိမ်၊ နောက်ဆုံးရွာက ၃ အိမ် ရှို့ခံလိုက်ရတယ်၊ သူက အိမ်ခြေကလည်း အလှမ်းကျဲ တော့ ကူးစက်တာမရှိဘူး” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းဝင်းတွင် တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား (Local PDF) အဖွဲ့က ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြို့ရှိ တက္ကသိုလ်ကျောင်းဝင်း၌ တပ်ဆွဲထားပြီး ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေးကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြား ရွှေဘိုသား (Local pdf) Fix Wings Drone တပ်ဖွဲ့နှင့်အတူ Black Wolf တပ်ဖွဲ့၊ မတစ်ထောင် တစ်ကောင်ဖွားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ် (တပ်ရင်းအမှတ်၁၅) နှင့် ကြောင်လက်သည်း (ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article