25 C
Yangon

ကျိုက်ထိုမြို့နယ်၊ အထက် အင်္ဂဘိုရွာ အနီးရှိ စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကျိုက်ထိုမြို့နယ်၊ အထက် အင်္ဂဘိုရွာ အနီးရှိ စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အထက်အင်္ဂဘို ကျေးရွာ အနီးမှာရှိတဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းအားမြင့် ဗုံးသီးနဲ့တိုက်ခိုက်ခဲ့တာပါ။ နေ့လည် ၁ နာရီ ဝန်းကျင်လောက်က စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ညီနောင် ERO များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article