25 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ မမ ၊ ၆၀ မမ ၊ ၄၀ မမ များအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

“စစ်ခွေး အသေအပျောက် ကတော့ မသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတော့ ရှိတယ်။ အသေအပျောက်များနိုင်တာကတော့ သေချာပါတယ်” ဟု ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၊ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ ၊ Fighter 9 Forces(Salingyi) ၊ 5/ဘခက် ၊ 5/Fighter Group ၊ Royal Brother Forces ၊ ကနောင်မင်းသားကြီး၊ BED ငညို၊ CDF၊ SRA ၊ တောဘုရင် ယက္ခ၊ ဒေါင်းတမာန် ၊ Goldem Eagle နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article