25 C
Yangon

ရေး-ထားဝယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ရန် အင်အား ဖြည့်တင်းနေသော စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ လမ်းပိုင်း အသုံးမပြုရန် တော်လှန်ရေး တပ်ဖွဲ့များ အသိပေး

Must read

ရေး-ထားဝယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ရန် အင်အား ဖြည့်တင်းနေသော စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ လမ်းပိုင်း အသုံးမပြုရန် တော်လှန်ရေး တပ်ဖွဲ့များ အသိပေး

ရန်ကုန်၊ ဇွန် ၉

ရေး-ထားဝယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ရန် အင်အား ဖြည့်တင်းနေသော အကြမ်းဖက် စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ လမ်းပိုင်း အသုံးမပြုရန် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော ရေး-ထားဝယ် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်ရန် ကြိုးစားလာကြောင်း၊ ထိုသို့ ထိုးစစ်ဆင်ရာတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ အရပ်သား ပြည်သူများကို အသုံးပြုခြင်း၊ အရပ်သား အသွင်ယူ၍ စစ်အင်အား ဖြည့်တင်းခြင်းတို့ကို ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်မှု မရှိစေရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ဖော်ဆောင်မှု လွယ်ကူစေရန် အသိပေးထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ လမ်းပိုင်းတလျှောက် ဖြန့်ကျက်ထားသည့် တပ်ရင်းတပ်ဖွဲ့များက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး အကြမ်းဖက် စစ်တပ်ကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရန် စီစဉ်ပြီးဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် ယနေ့ ဇွန်လ ၉ ရက်နေ့မှစ၍ ရေး-ထားဝယ် လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက် တစုံတရာ မပြုလုပ်မခြင်း အရေးတကြီး မလိုအပ်ဘဲ လုံးဝ(လုံးဝ) အသုံးမပြုရန်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ပြည်သူ့အကျိုးကို ရှေးရှု့၍ ပြည်သူများ တစုံတရာ ထိခိုက်မှု မရှိစေရန် ယင်း ထုတ်ပြန်ချက်ကို ပြည်သူများက နားလည်လိုက်နာမည်ဟု ယုံကြည်ကြောင်း ဒေါနစစ်ကြောင်းက ပြောဆိုထားသည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်ကို အထူး (အထူး) လိုက်နာရန်နှင့် ထုတ်ပြန်ချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက ဖြစ်ပျက်လာမည့် အကျိုးဆက်များကို ဒေါနစစ်ကြောင်းနှင့် ပူးပေါင်း မဟာမိတ် တပ်ပေါင်းစုများက လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် အဆုံးတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article