25 C
Yangon

နွားထိုးကြီး ၊ ဆူးဖြူကုန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး မီးငြိမ်းသတ်ရန်လာသော ကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

Must read

နွားထိုးကြီး ၊ ဆူးဖြူကုန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး မီးငြိမ်းသတ်ရန်လာသော ကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

ရန်ကုန်၊ ဇွန် ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်း မီးတင်ရှို့လိုက်ပြီး မီးငြိမ်းသတ်ရန်လာသော ဆူးဖြူကုန်းကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၉ ရက်နေ့ ည ၁၂ နာရီအချိန် တွင် စစ်တပ်က ဆူးဖြူကုန်းကျေးရွာကို မီးတင်ရှို့ကြောင်း၊ ဇွန်လ ၈ ရက်နေ့နှင့် ဇွန်လ ၉ ရက်နေ့ ၂ ရက်ဆက်တိုက် ဆူးဖြူကုန်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းတွင် စစ်တပ်က ဆူးဖြူကုန်းကျေးရွာတစ်ခုလုံးကို မီးတင်ရှို့ကြောင်း၊ ထိုသို့ မီးတင်ရှို့မှုကြောင့် ကျေးရွာမှ အိမ်ခြေ အများအပြား မီးလောင်နေစဉ် ကျေးရွာသား ၃ ဦးသည် မီးငြိမ်းသတ်ရန်အတွက် ကျေးရွာအတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း၊ အဆိုပါ ကျေးရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းများကိုပါ မီးတင်ရှို့ခဲ့ ကြောင်း သိရှိရသည်။

“ဆူးဖြူကုန်းကျေးရွာက ဟိုတစ်နေ့ မီးရှို့ခံရတဲ့ ဖောင်ချင်းကျေးရွာရဲ့ မြောက်ဘက်က ကျေးရွာပါ။ ဆူးဖြူကုန်းနားမှာ တိုက်ပွဲဖြစ်နေတာ ၂ ရက်ရှိပြီ။ အဲဒါကို မနေ့ညပိုင်းမှာ စစ်တပ်က ဆူးဖြူကုန်းကျေးရွာထဲကို ဝင်လာပြီး တစ်ရွာလုံးကို မီးတိုက်တယ်။ အဲဒါကို စစ်ရှောင်နေတဲ့ ရွာသား ၃ ဦးက မီးငြိမ်းဖို့ဆိုပြီး ဝင်လာတာ။ အဲဒါကို စစ်တပ်က ဖမ်းပြီး အရှင်လတ်လတ် မီးထဲရှို့သတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်း နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ဖောင်ချဉ်းရွာကိုလည်း မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင် စီ တပ်က နဘူးတောတောင်ရွာ၊ နဘူးတောမြောက်ရွာ၊ ဖောင်ချင်းရွာနှင့် အကျည်းကုန်းကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဇွန်လ ၈ ရက်နေ့ညပိုင်း မီးရှို့ခံရသော နွားထိုးကြီးမြို့နယ်၊ ဖောင်ချင်းကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article