25 C
Yangon

စစ်ကောင်စီက မိုးမိတ်ရှိ TNLA တပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု တအာင်းရဲဘော်များ ဒဏ်ရာရ

Must read

ဇန်နဝါရီ ၁၁ ရက်ဟိုင်ဂင် အပစ်ရပ်ရေး စတင်ချိန်မှစ၍ လစဉ် စစ်ကောင်စီက သဘောတူညီချက် ချိုးဖောက်ပြီး တိုက်ခိုက်မှုများ တောက်လျှောက် လုပ်

ရန်ကုန်၊ ဇွန် ၁၀

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးထားသော ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ စစ်ကောင်စီက မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ် ခတ်ရာ တအာင်းရဲဘော်များ ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေ ၅ နာရီ ၀၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးအသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြောင်း၊ နောက်ဆက်တွဲ ဆွေးနွေးမှုများကို ဖေ ဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက လအလိုက် အပစ်အခတ်ရပ်စဲရေးကို လစဉ် ချိုးဖောက်၍ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထိုပြင် ဇွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်က TNLA ရှိရာသို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး အသုံးပြုကာ လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဇွန်လ ၅ ရက်နေ့၊ နံနက် ၈ အချိန်တွင် နောင်ချိုမြိုနယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို လက်နက်ကြီး ၄ ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း၊ ဇွန်လ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိုးမိတ်မြိုနယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို လက်နက်ကြီး ၂ ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြိုရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ လက်နက်ကြီးဖြင့် စုစုပေါင်း ၂၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ကန်ကော်ရွာဘက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆီးဖြူပင်ကျေးရွာဘက်သို့ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်၍ ရွာဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်၌ မိုးမိတ်မြို့နယ် မန်ဖွယ်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၄ ကြိမ်ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် နောင်ချိုမြို့နယ် ကန်ကော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မေလအတွင်း စစ်ကောင်စီ၏ အပစ်ရပ်ရေး ချိုးဖောက်သော တိုက်ခိုက်မှုများ

————————————————————————–

မေလ ၂၉ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။

မေလ ၁၅ ရက်နေ့ ည ၉ နာရီအချိန် နောင်ချိုမြိုနယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၇ ရက်နှင့် မေလ ၁၀ ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုအတွင်း၌ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

မေလ ၁၅ ရက်နေ့ ပစ်ခတ်မှုကြောင့် သုံးဆယ်ရွာမှ ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မေ ၁၀ ရက်နေ့ ည ၈း၀၀ နာရီ ဝန်ကျင်းတွင် စစ်ကောင်စီတပ် တပ်မ ၃၃ လက် အောက်ခံ ခမရ-၁၁၁ တပ်က နောင်ချိုမြို့နယ် သုံးဆယ်ရွာသို လက် နက်ကြီး ၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၄ ရက်နေ့ ည ၈ နာရီ အချိန် မိုကုတ်မြို့နယ်တွင် စစ်ကောင်စီလက် အောက်ခံ ခလရ-၁၄၈ နှင့် ခလရ- ၇၁ က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး ၄ လုံးအပြင် လက် နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသိုပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဧပြီလတွင် စစ်ကောင်စီ၏ အပစ်ရပ်ရေး ချိုးဖောက်သော တိုက်ခိုက်မှုများ

————————————————————————–

ဧပြီလ ၂၇ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ နောင်ချိုမြိုနယ်တွင် စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာသို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးနှင့် အမျိုးသမီး ၁ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အုမ္မတီးနှင့် တန်ဘိုကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်မှ ပြည်သူလူထုအား ဦးတည်ကာ သုံးဆယ်ကျေးရွာသို လက် နက်ကြီးများဖြင့်ဧပြီလ ၂၇ နေ့က ၃ ကြိမ် နှင့် ဧပြီလ ၂၈ ရက်နေ့တွင် ၃ ကြိမ် စုစုပေါင်း (၆)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာရှိ ပြည်သူနေအိမ် ၂ လုံးနှင့် အသက် ၆၀နှစ်အရွယ် အမျိုး သမီး ၁ ဦး၏ မျက်နှာနှင့် လက်ကို ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၉ ရက်နေ့နှင့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်တပ်မှ မိုးမိတ်မြိုနယ်၊ ရေပုံးကျေးရွာသို Jet Fighter လေယာဥ်ဖြင့် ၄ ကြိမ် လာရောက်ပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့ ညီနောင် ၃ ဖွဲ့သိမ်းထားသော မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

————————————————————————-

မတ်လ ၄ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များကို စစ်အုပ်ချုပ်ရေး စစ်ကောင်စီက ကြေညာမှု သည် ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ပြီး အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲ ဖြစ်စေနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သဘောထားကြေ ညာချက် ထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်း ပိုက်ထားသော မြို့နယ် ၃ ခုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာမှု သည် အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ပြီး ပြည်သူကို ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီ နောင် ၃ ဖွဲ့က တရားဝင် ပြောဆိုခဲ့သည်။

ဇန်နဝါရီတွင် စစ်ကောင်စီ၏ အပစ်ရပ်ရေး ချိုးဖောက်သော တိုက်ခိုက်မှုများ

————————————————————————–

တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က အပစ်ရပ်ရေးသဘောတူညီချက်မှုကို စတင်ချိုးဖောက်ခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း “ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီမှု” ကို ပထမအကြိမ် ပေါ်ပေါ်ထင်ထင်ချိုး ဖောက်ခဲ့ ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင် စီ တပ်က တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၉ မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် ၁ ကြိမ် လာရောက်၍ ဗုံး ၁၀ လုံးတိတိ ပစ်ချတိုက် ခိုက်ခဲ့ ကြောင်း ၊ ဇန်နဝါရိလ ၂၁ ရက်နေ့ကလည်း တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်အကြား ၈ မိုင်သို့ စစ်ကောင်စီဘက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သဖြင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်၏ လက်နက် ၄ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၂၁ မိနစ်အချိန် စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ ဝင်အင်အား ၃၀ ကျော်ခန့် သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင် အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင် အလစ်အငိုက် ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် MNDAA ရဲဘော် ၁ ဦး အသက်စွန့်လွှတ်ခဲ့ရကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လားရှိး မြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက သိန္နီ ဘက်ခြမ်း နယ် စပ်တံတားသို လက်နက်ကြီးဖြင့် ၁၈ ကြိမ်တိုင် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာ ကျေးရွာသို့ လည်း စစ်ကောင်စီ က ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Mi-35 ရဟတ် ယာဉ်ဖြင့် ၃ ကြိမ်နှင့် Y-12 ဖြင့် ၁၁ ကြိမ်ဖြင့် ဗုံးအလုံး ပေါင်း ၁၀၁ လုံး ကျဲချတိုက်ခိုက်သည့်အပြင် ဖျက် အားပြင်းပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့်ပါ လာရောက် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ – မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိသော တအာင်းရဲဘော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article