25 C
Yangon

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၉ နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာ ရှောင်တာနယ် စာအုပ်မိတ်ဆက်လက်မှတ်ရေးထိုးပွဲပြုလုပ်

Must read

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၉ နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာ ရှောင်တာနယ် စာအုပ်မိတ်ဆက်လက်မှတ်ရေးထိုးပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၀

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Potomac တွင် ဒေါ်အောင်ဆန်းစုကြည် ​၏ ၇၉ နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာရှောင်တာနယ် ​၏ An Unlikely Prisoner မူရင်းစာအုပ် မိတ်ဆက်လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် မစ္စတာရှောင်တာနယ်နှင့် ဇနီး မစ္စ Ha Vu ၊ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ NUG အစိုးရ ဝန်ကြီးများဖြစ်သော ဦးထင်လင်းအောင် ၊ ဦးမိုးဇော်ဦး နှင့် ဦးမင်းဇေယျာဦး တို့ တက်ရောက်ကာဂုဏ်ပြု မိတ်ဆက်စကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုတော် ကိုလင်းထက်က တော်လှန်ရေး ဂုဏ်ပြုသီချင်းများ သီဆို ဖျော်ဖြေခဲ့ကာ ရွှေဝါရောင်ဆရာတော် အရှင်ဇဝန ဦးဆောင်သော သံဃာတော်အရှင်သူမြတ်များမှ မေတ္တာပို့ဆုတောင်းခြင်းများပြုခြင်းနှင့် ခရစ်ယာန်ဆရာမတစ်ဦးက လည်း ဆုတောင်းစကားများချီးမွမ်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Photo – Kyaw Soe Latt

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article