25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှုကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ နှင့် ၉ နာရီ ၂၃ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁၀ လုံး နှင့် ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက် ကြီး ၁ လုံး စုစုပေါင်း ၁၁ လုံး ပစ်ခတ်ခဲ့ရာ ကောက်မယ်သူကျေးရွာ နှင့် ဝမ်ချဲ ကျေးရွာ အကြား၊ ယောက်သွား ကုန်းကျေးရွာ နှင့် ရေတွင်းကုန်းကျေးရွာအကြား၊ နွားရေကျောင်းကျေးရွာ နှင့်ကြိတ်ကွင်းကျေးရွာအကြားနှင့် ဘုရားကြီး ကျေးရွားအရှေ့ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီ နှင့် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်း က ၁၂၀ မမ လက်နက် ကြီး ၂ လုံးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာ၊ တောင်ခင်ကျေးရွာနှင့် ကြိတ်ကွင်းကျေးရွာ အကြား ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၇ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက် ကြီး ၁၂ လုံးနှင့် ခမရ-၃၀၇ တပ်ရင်းက လက်နက်ကြီး ၈၁ မမ ၅ လုံး စုစုပေါင်း ၁၇ လုံး ပစ်ခတ်ခဲ့ရာ ခရုကုန်း၊ ယောက်သွားကုန်း၊ စံကုန်း၊ ချောင်းတဲစုကျေးရွာ၊ပေါက်ကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

ဇွန်လ ၈ ရက်နေ့တွင် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် သူဌေးကုန်း ကျေးရွာ အသက် ၃၅ နှစ် အရွယ် ကိုသက်ရှည် သည် ခြံဝင်း အတွင်း အမှိုက်ရှင်းလင်းနေစဉ် အကြမ်းဖက် စစ်တပ် ထောင်ထားသောမိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ကာ အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် တုံးတံတား ကျေးရွာသား စိုးထိုက်ဦးသည် သမင်အင်းကုန်း ကျေးရွာအနီး လယ်ထွန်သွားချိန်တွင် စစ်ကောင်စီ တပ်မှ မြှုပ်နှံထားသော မိုင်းကြောင့် ၎င်း၏ ထွန်စက် ပျက်စီးခဲ့ကြောင်း ၊ ယင်း မွန်းလွဲ ၁၂ နာရီခန့်တွင် ပိန်းဇလုပ် အခြေ စိုက် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံးနှင့် ၁၂၀ မမ ၄ လုံး စုစုပေါင်း ၆ လုံး ပစ်ခတ်ခဲ့ရာ ပေါက်ကုန်း ကျေးရွာနှင့်ကောက်မယ်သူကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

မူးမြို့နယ်အတွင်း ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၀၇ တပ်ရင်းက ကြိတ်ခါးကုန်းကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ် အရွယ် ဦးဇေယျာထွန်း လက်နက်ကြီး ထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရ ကြောင်း သိရှိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက်၆ နာရီ ၄၅ မိနစ်ခန့် တွင် နတ်သံကွင်းတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ထွနီကုန်း ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် ညားနော်ပယ်ထူး၊ အသက် ၁၄ နှစ် အရွယ် နော်ဆဲအယ်ရှီး၊ အသက် ၁၅နှစ် အရွယ် စောဆာဟဲပူး၊ အသက်ရွယ် ၅၅နှစ် အရွယ် တီးခိုရော့ဘယ် တို့ လက်နက်ကြီး ကျည်စ ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ ရွှေဝါတပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် သရက်တိုက် ကျေးရွာ အတွင်း အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အသက် ၈၅ နှစ်အရွယ် ဒေါ်တင်ပြ လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့ရကြောင်း KNU ဗဟိုထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article