25 C
Yangon

ရာထူးနှင့်နေရာလိုချင်သော အလုပ်သင်ကျောင်းဆင်း စစ်အရာရှိကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေထံ လာဘ်ထိုးအပေးအယူလုပ်ရ

Must read

ရာထူးနှင့်နေရာလိုချင်သော အလုပ်သင်ကျောင်းဆင်း စစ်အရာရှိကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေထံ လာဘ်ထိုးအပေးအယူလုပ်ရ

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာ ရာထူးနဲ့ နေရာလိုချင်တဲ့ အလုပ်သင်ကျောင်းဆင်း စစ်အရာရှိကြီးတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေကို တွေ့ဆုံရတာ၊ ကူညီဖို့ သွားရောက် အကူအညီတောင်းရတာ၊ ငွေကြေးနဲ့ လက်ဆောင်ပဏ္ဍာတွေ လာဘ်ထိုးနေရတယ်လို့ စစ်ဘက်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေက စစ်ဘက် လက် ထောက်အဖြစ် တပ်အတွင်းမှာ ဩဇာကြီးမားလာနေတဲ့အပြင် မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ရထားတာကြောင့် နိုင်ငံရေးရာထူးမဟုတ်တဲ့ စစ်ဘက်၊ အရပ်ဘက် ရာထူးနေရာခန့်ထားရေးတွေမှာ စစ်ခေါင်းဆောင်ရဲ့ လွှဲအပ်မှုတွေ ရရှိနေတယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် မိုးမြင့်ဆွေဟာ အလုပ်သင် ဗိုလ်လောင်း အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ကိုယ်ရံတော် အဖြစ်ကနေ စစ်ဘက်လက်ထောက်အထိ ရာထူးတက်လာတဲ့ ဗိုလ်မှူးချုပ် မိုးမြင့်ဆွေက အလုပ်သင်ကျောင်းဆင်း ဗိုလ်တွေနဲ့ အရာရှိတွေ အပေါ်မှာ စာနာထောက်ထားမှု ရှိတယ်လို့လည်း နာမည်ကြီးပါတယ်။

“သေဒဏ်ကျသွားတဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နဲ့ သူက အတူကျောင်းဆင်းတွေပေါ့။ အလုပ်သင် ၂၃ တွေ ။ ဗိုလ်မှူးချုပ် မိုးမြင့်​ဆွေက ကိုယ်တိုင်ကလည်း အလုပ်သင်​ကျောင်းဆင်း​တွေအပေါ်မှာ စာနာစိတ်သဘောမျိုးပြောရမလား၊ ပြန်ကြည့်တယ်ပြောရမလား။ အလကားတော့လည်းမဟုတ်ဘူး။ သူ့ကိုတော့ ငွေတန်ရင်ငွေ၊ လက်ဆောင်တန်ရင် လက်ဆောင်တော့ ပေးရတယ်။ လာဘ်ထိုးရတာပေါ့။ သူကလည်း အလုပ် သင်တွေက ရာထူးမတက်မယ့်အတူ ​နေရာ​ကောင်း​တွေရအောင်ထားပေးတယ်။ အဲဒီအတွက် သူလည်း အပေးအယူအနေနဲ့ ငွေ၊ လာဘ်လာဘ ပြန်ရတယ်။ အလုပ်သင်ကျောင်းဆင်းတွေအတွက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေက အားကိုးရာ ဟစ်တိုင်ကြီး ဖြစ်လာတယ်” လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

ဗိုလ်မှူးချုပ် မိုးမြင့်ဆွေထံ ဝင်ရောက် လာဘ်ထိုး ပြောဆိုလိုက်လို့ အရပ်ဘက်နဲ့ စစ်ဘက်မှာ ဌာနဆိုင်ရာ အကြီး အကဲတွေ၊ တပ်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ လာဘ်ငွေရတဲ့ နေရာတွေကို ရောက်ရှိသွားတဲ့ အလုပ်သင်ကျောင်းဆင်း အရာ ရှိ ကြီးတွေ အတော်များများရှိနေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

” နေပြည်တော်အဝင် ​ရေနီဂိတ်ဆိုရင်လည်း ဗိုလ်မှူးချုပ် မိုးမြင့်ဆွေရဲ့ ကူညီမှုနဲ့ အလုပ်သင်ဗိုလ် ၂၃ ကျောင်းဆင်း ဗိုလ်မှူးကြီးက လုပ်ချင်တိုင်းလုပ်နေတာပဲ။ တိုင်းမှူးတောင် မိုးမြင့်​ဆွေမျက်နှာနဲ့မို့ မပြောရဲ၊ မဆိုရဲဘူး။ အခြား ဌာနဆိုင်ရာတွေမှာလည်း ဗိုလ်မှူးချုပ် မိုးမြင့်ဆွေရဲ့ ကူညီမှုနဲ့ အလုပ်သင်ကျောင်းဆင်း အရာရှိတွေ ဌာနအကြီးအကဲတွေ ဖြစ်လာကြတယ်။ လာဘ်ပေးလာဘ်ယူကြမ်းတာရော ရမ်းတာရော အရမ်းပဲ။ ဒါပေမယ့် ဘယ်သူမှ မထိရဲ မတို့ရဲကြဘူး” လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

အနေအထိုင်ကျစ်လျစ်ပြီး နာခံရိုကျိုးတတ်တဲ့ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေက ၉/တကန(နိုင်) နေပြည်တော်၊ တပ်ကုန်း မှတ်ပုံတင်ကို ကိုင်ဆောင်ထားပြီး ဗိုလ်မှူးကြီးဘ၀ကတည်းက နေပြည်တော်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ဥတ္တသီရိမြို့နယ်မှာ နေထိုင်ခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article