25 C
Yangon

NUG က တင်သွင်းထားသော အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ်- ILO ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ် ရွေးကောက်တင်မြှောက်၊ စစ်ကောင်စီကို ILO က ဒဏ်ခတ်အရေးယူရန် တွန်းအားပေးမည်

Must read

ရန်ကုန်၊ ဇွန် ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တင်သွင်းသော အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၂၀၂၄-၂၀၂၇ ခုနှစ် သက် တမ်းအတွက် Worker Deputy Member အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေ အတွင်း ရေးမှူး ဒေါဖြိုးစန္ဒာစိုးသည် ကိုယ်စားလှယ်အနေဖြင့် ရွေးချယ်ခြင်းခံရခြင်းဖြစ်ကြောင်း၊ ILO၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အဖွဲ့ဝင်များအဖြစ် ရွေးချယ်မှုကို ILO ညီလာခံတွင် မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း၊ နိုင်ငံ တကာမှ အလုပ် သမား ကိုယ်စားလှယ် စုစုပေါင်း ၁၂၆ ဦး ၏ ထောက်ခံမဲ ၉၃ မဲ ဖြင့် CTUM ၏ လက်ထောက်အထွေထွေ အတွင်း ရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို ILO အုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ် ရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်း ပ လျက် ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th International Labor Conference-ILC) သို့ အပြည်ပြည်ဆိုင်ရာမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးလျက်ရှိရာ ပြည်သူ့အစိုးရ NUG ဦးဆောင်သော သုံးပွင့်ဆိုင်(အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) မှ ကိုယ်စားပြု အမည်စာရင်း တင်သွင်းကာ ဒေါ်ဖြိုးစန္ဒာစိုးက မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းကိုယ်စားပြုအဖြစ် တက်ရောက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရန် နည်းလမ်းများထဲမှ စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားရေးနှင့် လူသတ်လက်နက် ဝယ်ယူနေသည့် ဝင်ငွေစီးဆင်းမှုများ အလုံးစုံပိတ်ဆို့နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုကို အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန် ဒေါ်ဖြိုးစန္ဒာစိုးက ILO ညီလာခံတွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာသော ဒေါ်ဖြိုးစန္ဒာစိုးက စစ်အာဏာရှင်လက်အောက်တွင် မြန်မာနိုင်ငံရှိ အလုပ် သမားအခွင့်အရေး လုံးဝ မရှိနိုင်ကြောင်း၊ စစ်အာဏာရှင် ကျရူံးရေးအတွက် အရှိန်အဟုန်မြှင့် တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း၊ ILO အနေဖြင့် ယမန်နှစ် စုံစမ်းစစ်ဆေးရေးကော်မရှင်က အတည်ပြုထားသည့် စစ်ကောင် စီ၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအပေါ် Article 33 အရ စစ်တပ် ဝင်ငွေ စီးဆင်းမှုစီးပွားပိတ်ဆို့ အရေးယူရန် ထောက်ခံအားပေးသော စည်းရုံးလှုံဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ILO စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မြန်မာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၄,၀၀၀ ဦးကျော်ကို သတ်ဖြတ်ခြင်း၊ ပြည်သူ ၂၆,၀၀၀ ကို နီးပါးဖမ်းဆီးခြင်း၊ ILO တွင် လိုက်နာကျင့်သုံးပါမည်ဟု လက်မှတ်ရေးထိုးသည့် အချက်များဖြစ်သည့် ILO Convention 87 လွတ် လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်၊ ILO Convention 29 အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဠာန်းချက်များကို မြန်မာစစ် တပ်က ပြောင် ပြောင် တင်းတင်း ချိုးဖောက်ကြောင်း ၊ အလုပ်သမားများကို ခေတ်သစ် ကျွန်ပြုခိုင်းစေခံရသည့် လုပ်ရပ်များသာ ဖန်တီးနေကြောင်း သက်သေအထောက် အထားနှင့်တကွ စုံစမ်း စစ်ဆေးဖော်ထုတ်အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ထိုကြောင့် စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် Article 33 အရ အလုံးစုံ စီးပွား ရေး ပိတ်ဆို့အရေးယူ ဆောင်ရွက်နိုင်ရန် ILC ညီလာခံသို့ မြန်မာနိုင်ငံ အလုပ် သမား အင်အားစု ကိုယ်စားပြု တက်ရောက်လျက်ရှိသော ဒေါဖြိုးစန္ဒာစိုးက တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article