32 C
Yangon

ချောင်းဦး ၊ မုံရွာ – မန္တလေးလမ်းတွင် ကြေးနီသယ်ဆောင်သော စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲမှု စစ်အရာရှိ အပါအဝင် ၃ ဦးသေဆုံးပြီး တွဲကားတစ်စီးပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကြေးနီများ သယ်ဆောင်လာသော အကြမ်းဖက်စစ်ယာဉ် တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ဗျူဟာမှူး တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် ဝမ်ပေါင်ဘက်မှ ထွက်လာသော အ ကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲ ကား ၁၂ စီးပါ ယာဥ် တန်းသည် မုံရွာ-ချောင်းဦးလမ်းပိုင်းကို ဖြတ်သန်းသွားလာစဉ် ပဒေသာမိုင်း အကြီး ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တွဲကားပေါ်ပါ စစ်ကောင်စီအရာရှိနှင့် စစ်သား ၂ ဦးပွဲချင်း ပြီးသေဆုံးသွားပြီး ကျန် ၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

“မြပုလဲ ဆီဆိုင်ဂိတ်ကနေ ထွက်လာပြီးတော့ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေး ငွေတောင်းနေတဲ့ စစ်သားတွေ၊ ကြေးနီတင်တွဲကားတွေဖြတ်လာတော့ မိုင်းပွိုင့်နားကနေ ကြေးနီ တင်းကားပေါ်က အရာရှိကို အလေးပြုနေတဲ့အချိန် မိုင်းဆွဲလိုက်တာ၊ ကားပေါ်က အရာရှိရော အလေးပြုတဲ့ စစ်သား ၂ ဦးရော စုစုပေါင်း ၃ ဦးသေတယ်၊ ကားပေါ်ပါတဲ့သူက ဗျူဟာမှူးလို့တော့ သိရတယ်။ မုံရွာကနေ တက်လိုက်လာတာ၊ သေတဲ့စခအလောင်းတွေကိုတော့ ကြေးနီတင်ကားပေါ် ဆွဲတင်သွား တာရှိတာရှိသလို မုံရွာဘက်ကိုလည်း Express ကားပေါ်တင်သွားတာလည်းရှိတယ်လို့သိရပါတယ်” ဟု People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ နှင့် တပ်စု ၂ Youth Vigor Revolution Force တို့ လက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် ဝမ်ပေါင်ကုမ္ပဏီဘက်မှ ထွက်လာ သော အကြမ်း ဖက်စစ်ကောင်စီ၏ ကြေးနီတင် တွဲကား ၇ စီးပါ ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေး ရွာနှင့် ရေပိုးစားကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံး ပွိုင့် ၂ ပွိုင့် ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တွဲကား တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူး ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်း လက်တွကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လမ်းပေါ်၌ အကြမ်းဖက်စစ်သားများရှိနေစဥ် ၎င်းတို့၏ အနီးကပ်မနေပဲ အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များအား လေးစားလိုက်နာကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ဝမ်ပေါင်မှ လာသော ကြေးနီတင် တွဲကားတစ်စီး။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဝမ်ပေါင်မှ လာသော ကြေးနီတင် တွဲကားတစ်စီး။(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article