25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စျေးအကြီးဆုံး ဇိမ်ခံ SCOPE ကွန်ဒိုမှာ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ စစ်ဗိုလ်ချုပ် မိသားစုတွေ ကွန်ဒိုအခန်း ဝယ်ယူမှုတွေကို NUG ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းနေပြီး ၊ တော်လှန်ရေးအလွန်ကာလမှာ နိုင်ငံ့ဘဏ္ဍာ အဖြစ်သိမ်းမယ့် အပြင် ပတ်သက်သူတွေကိုပါ အရေးယူမှာဖြစ်တယ်လို့ NUG ၊ ပြည်သူ့ရဲတပ်ဖွဲရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
  • ရခိုင်ပြည်နယ် မောင်တောမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လစာမရတာဟာ ၃ လကျော်ကြာမြင့်နေပြီး ရှေ့တန်းမှာ အသက်စွန့်တိုက်ခိုက်ပေးနေရတယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။
  • စစ်ကိုင်းမြို့နယ်မှာ ဆိုင်ကယ် ခိုးယူ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်က ဒုရဲအုပ် ၁ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ဖမ်း ဆီးရာမှာ ဒုရဲအုပ်ဟာ နေရာမှာပဲပွဲချင်းပြီးကို သေသွားပြီး သူ့ဆီကနေ သေနတ် ၂ လက်နဲ့ ယူနီဖောင်း၊ ကျည်ကာတွေပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article