ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ခြမ်း လယ်အင်းမရွာတွင် PDF တပ်ဖွဲ့သတင်းများကို စုံစမ်းထောက်လှမ်းနေသူ စစ်သား ၁ ဦးကို ဖမ်းမိခဲ့ပြီး သေနတ်လုထွက်ပြေးရန် ကြိုးစားရာမှ ပစ်ခတ်မှုဖြစ် သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်း နတ်တလင်းမြို့နယ်အရှေ့ခြမ်းလယ်အင်းမရွာတွင် PDF တပ်ဖွဲ့ဝင်များ၏ သတင်းကိုထောက်လှမ်းကာ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့နေသည့် ခမရ ၄၃၁ တပ်ရင်းမှ တပ်သား မောင်နိုင်ကို ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် လပေါင်းများစွာဖမ်းဆီး စစ်ဆေးနေစဉ် ကင်းစောင့်ရဲဘော်၏ သေနတ်ကို လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ပစ်ခတ်ဖမ်း ဆီးရာ သေဆုံးသွားကြောင်း သိရသည်။
“ သူ့ဇာတိက ပဲခူးဘက်ကပဲ၊ နတ်တလင်းသူ အမျိုးသမီးတစ်ယောက်နဲ့ ညားပြီး နတ်တလင်းကို ခွင့်နဲ့ပြန်လာတာ၊ အဲဒါကို သူက ဖုံးကွယ်ပြီး တပ်ထဲက အပြီးထွက်လာတာ လို့ တာလို့ အခြားသူတွေကို ပြောထားတာ၊ နောက်ကွယ်ကနေ စစ်ခွေးတွေဆီ PDF အဖွဲ့တွေ အ ကြောင်း စုံစမ်းပြီး သတင်းပေးပို့နေတာ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ဖမ်းဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ် ဖွဲ့မှ ဖမ်းဆီးခဲ့ဖြစ်ပြီး ဖမ်းဆီးရရှိသူ တပ်သား မောင်နိုင်၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံရသော အပြစ်မဲ့ပြည်သူ များစွာရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့အနေဖြင့် အကြမ်း ဖက်စစ်ကောင်စီထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ ၊ ပျူစောထီးများ၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar