31.9 C
Yangon

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန်လ ၁၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ် တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ Yoma GBK – PDF တပ်ဖွဲ့မှ သစ္စာဖောက်ကာ အကြမ်းဖက်စစ်ကောင်စီဘက်သို့ ကူး ပြောင်း သွားသည့် ဆလိုင်းဦးဆောင်လမ်းပြမှုဖြင့် အုတ်ဖိုမြို့နယ်အပိုင် ဂမုန်းဆည်အနီးရှိ တာဝါ တိုင် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ဝရုန်းသုန်းကာ ဖြစ်နေချိန် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၃ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးဘက် ကူးပြောင်းသွားတာက Yoma GBK -PDF က အသေးလေးနဲ့ ဆလိုင်းဆိုတဲ့ နှစ် ယောက်၊ သူတို့ကစစ်ခွေး ဘက်ကနေ အသွင်ယူပြီး PDF ထဲရောက်လာတာ၊ သူက စစ်ခွေးတွေဘက် ရောက် သွားတော့ PDF စခန်းတည်နေရာကို လမ်းပြအနေနဲ့ ခေါ်လာတာ၊ မနေ့က မနက် ၈ နာရီမတ်တင်း လောက်မှာ ၅၆ ယောက်ပါတဲ့ စစ်ကြောင်းက တာဝါတိုင်ဘက်က မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ထောင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတာနဲ့ အရင်မိုင်းဆွဲလိုက်တယ်၊ စစ်ခွေးတွေ ဝရုန်းသုန်း ကားဖြစ်ပြီး အော်ဟစ်နေတဲ့အချိန် အပေါ်စီးကနေ နှစ်ဖက်ညှပ်ပစ်ကြတာ။” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ဝိုင်းကျေးရွာရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့ နံနက် ၁၁ နာရီလောက်မှာ စစ်ခွေးတွေအထိနာလို့ ဝိုင်းစခန်းကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ကူပေး လာလို့ ပြန်ဆုတ်ပေးလိုက်ရတာ၊ ၁၆ ဦးလဲကျတာမျက်မြင် အတည်နိုင်တယ်၊ ၇ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာတယ်လို့ သိရတယ်၊ သေဆုံးသူထပ်တိုးနိုင်တယ်၊ လက်နက်ကြီးတစ်ခု ကျန်ခဲ့တယ်၊ စစ်ခွေးတွေ က ဆေးတွေသုံးတဲ့ပုံပဲ။ မနေ့က သေတဲ့အထဲမှာတော့ သစ္စာဖောက်ပြီးလမ်းပြလုပ်တဲ့ ၂ ယောက် တော့ သေတဲ့အထဲမပါသေးဘူး” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို မှ ဦးဆောင်၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ ၅ ကြိုပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article