26 C
Yangon

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ ၏ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲပြုလုပ်

Must read

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ ၏ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ ၏ အခြေခံစစ် ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် သင်တန်းဆင်းရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြု၍ သစ္စာအဓိဌာန်လေးချက် ရွတ်ဆိုခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်‌ပေးပို့သော သဝန်လွှာကို ဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ၂၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများဖြစ်သော အမိန့်နာခံမှုကောင်းမွန်ခြင်း၊ စည်းကမ်းသေဝပ်မှုရှိခြင်း၊ အချင်းချင်းရိုင်း ပင်းကူညီမှုရှိခြင်းများကို လိုက်နာကျင့်သုံးကြရန် အလေးအနက်မှာကြားခဲ့ပြီး ပြည်သူသို့အစဉ် အမြဲရှေးရှုကြရန် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article