25 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း၊ ဇော်မင်းထွန်းတို့၏ ပုံများကို ပစ်မှတ်အဖြစ် ချိတ်ဆွဲ၍ သေနတ်ပစ်လေ့ကျင့်ခြင်းနှင့်ပြိုင်ပွဲပြုလုပ်

Must read

မင်းအောင်လှိုင်၊ စိုးဝင်း၊ ဇော်မင်းထွန်းတို့၏ ပုံများကို ပစ်မှတ်အဖြစ် ချိတ်ဆွဲ၍ သေနတ်ပစ်လေ့ကျင့်ခြင်းနှင့်ပြိုင်ပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၄

အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဇော်မင်းထွန်းတို့၏ ဓာတ်ပုံများကို ပစ်မှတ်အဖြစ် ချိတ်ဆွဲ၍ သေနတ်ပစ်လေ့ကျင့်ခြင်းနှင့်ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ရဲဘော်စစ်သားတိုင်းသည် ပေးအပ်ထားသော လက်နက်ကို ကျွမ်းကျင်စွာ ကိုင်ဆောင်ပြီး မည်သည့်အချိန်အခါတွင် မဆို ရန်သူကို ထိမှန်အောင် ပစ်ခတ်နိုင်ရန် အရေးကြီးလှကြောင်း၊ ထိုကြောင့် သတ်မှတ်ထားသောအကွာအဝေးတွင် ယုံကြည်မှု ရှိရှိ ပစ်ခတ်နိုင်ရန် တိုက်ပွဲဝင်အတွေ့အကြုံမရှိသေးသော ရဲဘော်ရဲမေများအား စက်ပစ်ကွင်း ဝင်ရောက်လေ့ကျင့်ပေးခြင်းကို ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းတွင် ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ကြောင်း၊ မီတာ ၁၀၀ နှင့် ၁၅၀ အကွာအဝေးတို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် တို့၏ ပုံတို့ကို ချိတ်ဆွဲကာ ချိန်ရွယ်ပစ်ခတ်နည်းပုံစံ မှန်မှန်ဖြင့် အသီးသီး ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း အဆိုပါ တပ်ရင်းက ပြောဆို ထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်ရာတွင် ပစ်မှတ်မှန်ကန်မှုအလိုက် ရမှတ်တို့ သတ်မှတ်ပေးထားပြီး ထိမှန်အောင် ပစ်ခတ်နိုင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ပစ်မှတ်လွဲချော်သူများအား ပြစ်ဒဏ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article