30 C
Yangon

ရေဖြူနှင့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဗိုလ်မှူး သန်းဌေးအောင် သေဆုံး

Must read

ရေဖြူနှင့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဗိုလ်မှူး သန်းဌေးအောင် သေဆုံး

ရန်ကုန်၊ ဇွန် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်မှူးသန်းဌေးအောင် သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်း စစ်ကြောင်းထိုးကာ ယာယီစခန်းချနေထိုင်သော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူးသန်းဌေးအောင် သေဆုံးခဲ့ပြီး တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ချတုန်းက ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးသန်းဌေးအောင် လမ်းမှာ သေဆုံးသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ နာရေးလုပ်နေပြီလို့ သိရတယ်။ နာရေးကတော့ တပ်တွင်းမှာပဲ လုပ်တယ်လို့ကြားတယ်။ သူက ခလရ ၂၇၃ ကံပေါက်ကလို့ သိရတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ် သည့် မွန်ပြည်ကာကွယ်ရေးတပ် – MSRF ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ – AD ၊ အထူးဒရုန်းတပ်ဖွဲ့ – Saw Dragon Drone Force ၊ ရေးဒရုန်းတပ်ဖွဲ့ – Y.A.F နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် – D.N.L.A တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Civil Armed Force – CAF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်ရှိ အင်္ကုက္ကားရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်ခန့်နှင့် ညနေ ၅ နာရီခန့်တို့တွင်လည်း အင်္ကုက္ကားရွာကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ အတည်မပြုနိုင်သေးဘူး။ ဗုံးကျဲ တိုက်ခိုက်တာက စစ်ခွေးတွေ နေတဲ့ နေအိမ် ထဲကို ကျရောက်ပေါက်ကွဲမှုရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု Civil Armed Force – CAF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article