27 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပန်းသပိတ် ဆင်နွှဲကြမည်

Must read

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပန်းသပိတ် ဆင်နွှဲကြမည်

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ ဇွန် လ ၁၉ ရက်နေ့တွင် ပန်းသပိတ် ပါဝင်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

“အခုလာမယ့် ဇွန်လ ၁၉ ရက်နေ့ ၂၀၂၄ ခုနှစ် ဟာ မြန်မာပြည်သူအများ လေး စားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာ ဏာရူးတွေကို “ငုံမခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ “ပန်းသပိတ် လှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ”ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

ပန်းသပိတ်တွင် နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူ လူထုက ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ကြခြင်းနှင့်၊ မြေပြင်တွင်လည်း ပန်းသပိတ် လူထုလှုပ်ရှားမှုများ လုပ်ဆောင်ကြရန် အသိပေးနှိုးဆော်ထားသည်။

FILE PHOTO: Myanmar’s National League for Democracy Party leader Aung San Suu Kyi looks on during a news conference at her home in Yangon November 5, 2015. REUTERS/Jorge Silva/File photo
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article