27 C
Yangon

ရှမ်းမြောက်တွင် စစ်ရေးတင်းမာလာပြီး ရခိုင်တွင် AA၏ မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လာချိန် စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ တရုတ်ကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ

Must read

ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလာပြီး ရခိုင်တွင်လည်း AA၏ မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ပြင်းထန် လာချိန်တွင် စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ တရုတ်အစိုးရ၏ ကိုယ်စားလှယ်က နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးနေကြောင်း သိရှိရသည်။

တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းသည် ယမန်နေ့ နေပြည်တော်တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်တွေ့ဆုံခဲ့ကြောင်း ၊ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

“တရုတ်ကိုယ်စားလှယ်နဲ့ နစက ထိပ်ပိုင်းတွေ တွေ့ဆုံဖို့ရှိပါတယ်။ တပ်ချုပ်နဲ့တွေ့မလား၊ ဒုချုပ်နဲ့ပဲ တွေ့မလားတော့ မသိရသေးဘူး။ ရှမ်းမြောက်ပိုင်းမှာ အခုနောက်ဆုံး စစ်ရေး ပြင်းထန်လာတာနဲ့ ရခိုင်အရေးကိစ္စတွေ ဆွေးနွေးဖို့ရှိနေတယ်။ တရုတ်ကိုယ်စားလှယ် လာရောက်တာက ဒီဘက်က ဖိတ်လို့ လာရောက်တာလို့ သိရပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များအကြား ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့သော်လည်း လက်ရှိတွင် စစ်တပ်က မြောက်ပိုင်းမဟာမိတ် ညီနောင်တပ် စခန်းများကို တောက်လျှောက်ဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်ကာ အပစ်ရပ်စာချုပ်ကို ချိုးဖောက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး နှင့် တရုတ်ကိုယ်စားလှယ်တို့ ယမန်နေ့ တွေ့ဆုံစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး နှင့် တရုတ်ကိုယ်စားလှယ်တို့ ယမန်နေ့ တွေ့ဆုံစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article