27 C
Yangon

မလှိုင်တွင် PDF များက လုံခြုံရေးအရ စစ်ဆေးစဉ် ဆိုင်ကယ်ရပ်မပေးဘဲ ထွက်ပြေးသည့် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၉

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် PDF များက လုံခြုံရေးအရ စစ်ဆေးနေစဉ် ဆိုင်ကယ်ရပ်မပေးဘဲ ထွက်ပြေးသည့် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက္ကန် (တောင်)ကျေးရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူး စိန်မြင့်အောင် နှင့် ဇနီး မတင်ဆန်းတို့သည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ကျောက် တွင်းကျေးရွာအနီး လမ်းဆုံအရောက် PDF များက တားဆီးမှုကို ရပ်မပေးဘဲ ထွက်ပြေးခဲ့ကြောင်း၊ ထို့ကြောင့် PDF များ လိုက်လံတားဆီး ပစ်ခတ်ဖမ်းဆီးမှုအတွင်း နှစ်ဦးစလုံး ကျည်ထိသေဆုံးသွားကြောင်း သိရှိရသည်။

“အဲဒီရာအိမ်မှူးက စစ်တပ်အတွက် စစ်သားစုဆောင်းရေး လုပ်နေတာပါ။ လူငယ်တွေကို စစ်မှုထမ်းဖို့ မဲဖောက်တာနဲ့ စစ်မှုမထမ်းရင် ဖမ်းဆီး ထောင်ချမယ်ဆိုပြီး လိုက်လံခြိမ်းခြောက်မှုတွေပါခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆုသိည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ရာအိမ်မှူး လင်မယားသည် စျေးဝယ်ရန် ထွက်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article