26 C
Yangon

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲက “SUU” စာသားကိုင်ဆောင်၍ တစ်ကိုယ်တော်လှုပ်ရှား မွေးနေ့ဆုတောင်း

Must read

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲက “SUU” စာသားကိုင်ဆောင်၍ တစ်ကိုယ်တော်လှုပ်ရှား မွေးနေ့ဆုတောင်းကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)မှ “SUU ” စာသားအားကိုင်ဆောင်၍ တကိုယ်တော်ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း၊ စစ်အစိုးရခေတ်အဆက်အဆက် တုန်လှုပ်ခြောက်ခြားစွာ “သူမ” “အမျိုးသမီး” “မိန်းမကြီး” “ဦးအောင်ဆန်းသမီး” ဟု စစ်တပ်အသိုင်းအဝိုင်းကသုံးနှုန်းခေါ်ဆိုခဲ့ကြသည့် သံမဏိနှင်းဆီ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဆိုလျှင် အသက် ၇၉ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ရေဘဝဲအဖွဲ့က ထုတ်ပြန်သည်။

ထို့ကြောင့် ရေဘဝဲအနေဖြင့် စစ်ဘီလူး ဖက်ဆစ်မိစ္ဆာများ ကြောက်ဒူးတုန်စေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမည်တို ” စု ” ဆိုသည့်စာလုံးနှင့် လူထုတရပ်လုံးပါဝင်ဆင်နွှကြသည့် ပန်းသပိတ် (ဝါ) သံမဏိနှင်းဆီ၏ သင်္ကေတ ” နှင်းဆီပန်းပွင့်ပုံ” ကို နှစ်ခုပေါင်းစပ်ကိုင်ဆောင်ပြီး တကိုယ်တော်လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ကြောင်း ရေဘဝဲက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article