ရန်ကုန်၊ ဇွန် ၁၉
နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်တပ်က သေနတ်ဖြင့် ပစ် ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူသွားကြောင်း ဆရာတော်နှင့်နီးစပ်သော ဒါယိကာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ မန္တလေးသို့ လေယာဉ်ဖြင့် ကြွလာသော နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် လေဆိပ်မှ အထွက် လေဆိပ်လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
“လေဆိပ် လုံခြုံရေးအစောင့် တပ်က ပစ်တာလို့သိရတယ်။ လေဆိပ်အထွက်လေးမှာတင် အပစ်ခံရတာ။ ဆရာတော်တော့ နေရာမှာပဲ ပျံလွန်တော်မူတယ်။ ဒီမနက်ပဲ ပျံလွန်တော်မူပါတယ်” ဟု ဆရာတော်၏ ဒါယကာ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ အလောင်းတော်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


