ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် မြန်မာမိသားစုဝင်များ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မဲလ်ဘုန်းမြို့ လယ်ရှိ Fedration Square ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အကျဉ်းကျနေသော မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြု ဆုတောင်းခြင်းကို အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာဝင်များက အသီးသီး ဆောင်ရွက်ခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြုခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် နိုင်ငံရေး တာဝန်များကို ထမ်းရွက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန အတွင်းရေးမှူး ဦးကျော်ဝဏ္ဏမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး အခမ်းအနားကို စီစဉ်သူတစ်ဦးဖြစ်သည့် ကျောင်းသားတပ်မတော် ရဲမေဟောင်း ဒေါ်နွယ်နီထွန်းမှ မွေးနေ့ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။


