ဒီကနေ့ ဇွန် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ VPN နဲ့ Facebook ကို ပိတ်ဆို့တဲ့ စီမံချက်မှာ တရုတ် အင်တာနက် ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing ရဲ့ ကုမ္ပဏီက ထဲထဲဝင်ဝင် ပါဝင်နေပြီး ၊ လက်ရှိ မြန်မာ ပြည်တွင်းမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ အင်တာနက်အသုံးပြုမှုတွေကို ကြားဖြတ် ဖမ်းယူထောက် လှမ်းနိုင်ဖို့ကိုပါ လုပ်နေပြီဆိုပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက မတရားအာဏာသိမ်းထားတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်က အလုပ် မဖြစ်ဘဲ လမ်းပြ မြေပုံသစ် တစ်ရပ် ဖော်ဆောင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတက်ခ် က တိုက်တွန်း ပြောဆိုလိုက်ပြန်ပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က တင်းဂါတ်- စစ်ဆေးရေးဂိတ်ကနေ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ၂ ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်း နေတဲ့အချိန် ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
