26 C
Yangon

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံ ကျောင်းတိုက် ဆရာတော် လိုက်ပါလာသောကားကို FAW ကားပေါ်တွင် ပါလာသည့် စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မိန့်ကြား

Must read

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံ ကျောင်းတိုက် ဆရာတော် လိုက်ပါလာသောကားကို FAW ကားပေါ်တွင် ပါလာသည့် စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မိန့်ကြား

ရန်ကုန်၊ ဇွန် ၂၀

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသောကားကို FAW ကားပေါ်တွင် ပါလာသည့် စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မိန့်ကြားခဲ့သည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ကို ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ကြွရောက်လာစဉ် မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန်သုံးဆင့် ဆရာတော်သည် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရောက်ရန် ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် အတူ ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ပြီး ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားဖြင့် သွားရောက်စဉ် FAW ကားဖြင့် လိုက်ပါလာသော စစ်ဗိုလ်စစ်သားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ က မိန့်ကြားခဲ့သည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် တစ်ပါးဖြစ်သော ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသက နေရာတွင် ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ကားမှန်စ ထိမှန်သည့် ဒဏ်ရာသာ ရရှိခဲ့ကြောင်း သိရသည်။

” တပည့်တော်တို့ ကား ဆရာကလည်း FAW ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲသလို အတင်းမောင်းတဲ့ အခါမှာ FAW ကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ် ဘုရား မှာ ၇ ချက် ၈ ချက်လောက်မှန်ပါတယ်။ အဲလိုပစ်တဲ့ အခါမှာ ဘုရားတပည့်တော်လည်း ဘာမှ မသိ သူ့လည်းဘာမှ မသိ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ဃန်းတွေ သွေးတွေ အလိတ်လိတ် အကပ်ကပ် ဖြစ်နေပါတယ်။ အဲလိုဖြစ်နေတာ့ ကားထဲကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော် ဒကာဒကာမ တို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝ တစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ် ဘုရား ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့ မှန်စထိပါတယ်။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျာတို့ ရက်စက်လှချီလာဗျာ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ FAW ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့။ ရက်စက်လှချီလားဆိုတော့ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားခဲ့သည်။

ထိုသို့ စစ်ခတ်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန်သုံးဆင့် ဆရာတော်ကို ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကြွချီခွင့် မပေးဘဲ ဖုန်းများကို သိမ်းယူခဲ့ကြောင်း၊ ထို့နောက် ဆရာတော်ကို စစ်ဆေးမေးမြန်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်သည် ပဲခူးမြို့ ဝင်းနိမ္မိတာရုံစာသင်တိုက်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article