24 C
Yangon

ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်မှု စစ် သား ၁ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ကျွဲနွယ်ကုတ်ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို KNLA၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (ဖြူး)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO(သာယာဝတီခရိုင်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF အာဠာဝကစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း၊ အဆိုပါ စစ်တပ်စခန်းရှိ စစ်သားများအားလုံး စခန်းစွန့်ခွယထွက်ပြေးသွားကြပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အဆိုပါစခန်းမှ ခြောက်လုံးပြူး သေနတ်တစ်လက်၊ အူစီသေနတ် တစ်လက်၊ G3 ကျည်ဘောက် ၄ ခု၊ G3ကျည် ၁၉၈ တောင့်၊ အူစီကျည်ဘောက် ၄ ခု၊ MA1ကျည်ဆန် ၂ဝ တောင့်၊ ၃၈ ကျည်ဆန် ၁၆ တောင့်၊ ၉ မမ ကျည်ဆန် ၆၀ တောင့်၊ မှတ်စုစာအုပ် ၁ အုပ် နှင့် ပိုက်ဆံ ၂၂၂ဝဝ ကျပ်တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article