27 C
Yangon

ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်းသို ပစ်ခတ်လျှင် လက်တုံပြန်မည်ဟု AA နှင့် စစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတိပေး

Must read

ရန်ကုန်၊ ဇွန် ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်မြေအတွင်းသို ပစ်ခတ်မှုများ လုပ်ဆောင်ပါ လက်တုံပြန်မည်ဟု AA နှင့် စစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က သတိပေးပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ရက္ခိုင့်တပ်မတော်တိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နယ်မြေအတွင်းသို ထပ်မံပစ်ခတ်ပါက လက်တုံပြန်မည်ဟု ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊အတွင်းဝန်ရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော်ကို ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ သူတို (မြန်မာစစ်တပ် ဒါမှမဟုတ် ရက္ခိုင့်တပ်မတော်) က ကျနော်တိုရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တစ်ခါစ်တရံ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို ကျနော်တို သူတိုကို အသိပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို သင်္ဘောတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ် အလံကို ရှင်းရှင်းလင်းလင်း ပြရင် ဘယ်သူကမှ ပစ်ခတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နတ်မြစ်၏ အချိုနေရာများတွင် ရေကြောင်းသွားလာမှု ညံ့ဖျင်းခြင်းကြောင့် Teknaf မှ Saint Martin’s ကျွန်းသို ရောက်ရှိခြင်းသည် လှေများအတွက် စိန် ခေါ်မှု တစ်ရပ် ဖြစ်လာကြောင်း၊ ထိုကြောင့် မြန်မာရေပိုင်နက်အတွင်း မှ ဖြတ် သန်းသွားသော ဘင်္ဂလားဒေ့ရှ် လှေများကို မြန်မာစစ်တပ် သိုမဟုတ် ရက္ခိုင့်တပ်မတော်မှ ပစ်ခတ်သည့် ဖြစ်စဉ်များ ဖြစ်ပွားစေခဲ့ကြောင်း၊ ယခုအခါ အခြေအနေ တိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲ ရေး ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

“လောလောဆယ် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်မှာ လှေတွေကို ပစ်ခတ်တာ မရှိဘူး” ဟု ပြည်ထဲရေး ဝန်ကြီးက ပြောကြားသည်။ နတ်မြစ်အတွင်း ရှိနေသော မြန်မာ သင်္ဘောနှစ်စင်းလည်း ဆုတ်ခွာသွားပြီဟု ၎င်းက ရှင်းပြသည်။

“နောက်ထပ် သေနတ်ပစ်ခတ်မှုတွေ ထပ်မဖြစ်တော့ဘူးလို ကျနော်တို မျှော် လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို ဖြတ်သွားတဲ့သူတွေကတော့ လိုအပ်သလို ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယမန်နေ့ Teknaf နယ်စပ်တွင် သေနတ်သံများ၊ မော်တာပေါက်ကွဲမှုများ ဆက် လက် ထွက်ပေါ်လာခဲ့ကြောင်း၊​ Cox’s Bazar ခရိုင်ရှိ Teknaf upazila တစ် လျှောက် တွင် သေနတ်သံများနှင့် မော်တာပေါက်ကွဲသံများ ကြားရကြောင်း၊ ယမန်နေ့ နံနက် ၄ နာရီမှ မွန်းလွဲ ၁ နာရီအထိ နယ်စပ်တစ်လျှောက် သေနတ်သံများနှင့် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article