24.8 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက် လာသော စစ်သင်္ဘော ၂ စီး ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက် လာသော စစ်သင်္ဘော ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက်အဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ဆင်ဖြူရှင်တံတား၌ ညအိပ်ခဲ့သော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီးသည် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆက်လက် ဆန်တက်လာရာ ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက် ပြောင်းတိုက်၊ လက်နက်ငယ်များဖြင့် ၂ နေရာခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်ဘက်မှ အထိနာ၍ ၆၀ မမ၊ ပွိုင့်ဖိုက်၊ စက်လက်၊ လက်နက်ငယ်များနှင့် ၄၀ မမ တို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများတယ်။ မြစ်ကြောင်း တစ်လျှောက်က ရွာတွေကို စစ်ခွေးက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ကို ရမ်းပစ်ပြီး ဆန်တက်သွားတယ်။ စစ်ခွေး သေဆုံးမှု အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ကျန်တော်တို့ တပ်ဖွဲ့ဝင်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ချင်းတွင်းဒိုင်းနမိုက်အဖွဲ့ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် (Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) ၊ တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ Fighter Nine Forces (Salingyi) နှင့် BNRA တပ်ရင်း (၃) ၊ တပ်ခွဲ( ၃) Royal Brother (မျက်လုံးစစ်ကြောင်း) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများအနေဖြင့်လည်း ကျည်တစ်တောင့်ဖိုးဖြစ်စေ၊ လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းနိုင်ရန် အတွက် ပါဝင်ကူညီအားဖြည့်ပေးကြရန် မေတ္တာရပ်ခံကြောင်း ချင်းတွင်းဒိုင်းနမိုက်အဖွဲ့ တာဝန်ခံက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article