27 C
Yangon

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လွယ်မော ဒေသပြည်သူများကို စစ်တပ်နှင့် PNO အဖွဲ့က ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထား

Must read

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လွယ်မော ဒေသပြည်သူများကို စစ်တပ်နှင့် PNO အဖွဲ့က ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထား

ရန်ကုန်၊ ဇွန် ၂၂

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လွယ်မော ဒေသပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထားကြောင်း PNLA က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဆီဆိုင်မြို့နယ် သဘက်ကျေးရွာအုပ်စု နောင်စကာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် သဘက်ချောင်း အနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒုတိယအကြိမ် လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့တွင် ရပ်ရွာများကို အစည်းအဝေး ခေါ်ယူပြီး ဒေသနေ ပြည်သူများကို ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွာသူ ရွာသူများအနေဖြင့် ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အစည်းအဝေးတွင် ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ထိုသို့ ခြိမ်းခြောက်ရာတွင် ရဟန်း၊ သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာဆင်ခြင်ကြရန်နှင့် နောင်တွင် ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှား မဟုတ်၊ သင်္ဃန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု လွယ်မောဒေသရှိ ရဟန်းသံဃာများကို ပြည်သူ့စစ်က ပြောဆိုခြိမ်းခြောက်သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်က လွယ်မောတောင်ဒေသ ကျေးရွာများအတွင်း နေထိုင်ခြင်း လက်နက်ကြီးများဖြင့် တောင်ယာအတွင်းကို ရမ်းသမ်းပစ်ခတ်ခြင်း ပြည်သူများကို ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံပြည်သူများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း PNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article